သတင်းတို

ထိုင်း-မြန်မာ နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်း ဆောင်ရွက်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနှင့် မြန်မာ နယ်စပ်တလျှောက်တွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် AIDS ကဲ့သို့သော ရောဂါများကို လက်တွဲတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း ခရိုင် ပြည်သူ့ကျန်းမာရေး အရာရှိ ဒေါက်တာ Suriya Kuharat က ယမန်နေ့က သတင်းသမားများအား ထိုသို့ ပြောကြားကြောင်း ထိုင်းသတင်းအေဂျင်စီ သတင်းတရပ်၌ ဖော်ပြထားသည်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု အရ မြန်မာနိုင်ငံ ကော့သောင်းမြို့မှ သွေးလွန်တုပ်ကွေး ရောဂါခံစားနေရသည့် ကလေး ၂ ဦးကို ရနောင်း ဆေးရုံတွင် ကုသ ပေးနေကြောင်း၊ ကော့သောင်း မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါများ ဖြစ်ပွားနေပြီး လူ ၅ ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။ ကော့သောင်းနှင့် ရနောင်း အကြား နယ်စပ်ဖြတ်ကျော် ဂိတ် ၃ ခုရှိပြီး တခြား ဖြတ်သန်းသွားလာ နိုင်သည့် နေရာပေါင်း ၅၀ ကျော် လည်း ရှိရာ လူထောင်ပေါင်းများစွာ ဖြတ်သန်း သွားလာလျက်ရှိသည်။

Loading