မြန်မာနိုင်ငံမှ ချုပ်လုပ်သည့် အထည်များကို ဥရောပနှင့် အမေရိကန် ဈေးကွက်များသို့ တင်ပို့နိုင်တော့မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အဝတ်အထည် တင်ပို့မှုသည် ၂၀၁၂ ခုနှစ်က အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ရာမှ လာမည့် နှစ်များတွင် ပိုမိုတင်ပို့ နိုင်မည်ဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်း လုပ်ကိုင်ရန် တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက် ရှိကြောင်း၊ မြန်မာ အထည်ချုပ် အဝတ်အထည်များ ပြည်ပဈေးကွက် အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။