အစိုးရ တပ်ဖွဲ့နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)တို့ စစ်ရေး တင်းမာနေကြောင်း သတင်းရသည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံ မြို့နယ် အခြေစိုက် UWSA စစ်ဒေသ အမှတ် ၁၇၁ လက်အောက်ခံ တပ်စခန်းများ ဖယ်ရှားပေးရန် အစိုးရ စစ်တပ်က ညွှန်ကြားချက်ကို မလိုက်နာသည့် အတွက် စစ်ရေး တင်းမာမှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်း၌ ဖော်ပြ ထားသည်။ ယခု ညွှန်ကြားချက်ကို ပြီးခဲ့သည့်လကုန်ပိုင်းက ပေးပို့ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။