သတင်းတို

မြန်မာနှင့် UK Trade & Investment တွေ့ဆုံ ဆွေးနွေး

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် UK ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု အဖွဲ့(UK Trade & Investment)မှ Head of Asia Pacific, Ms. Philomena CHEN Lee Yuen တို့ တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။ ဇွန် ၂၈ ရက်က ဆွေးနွေးမှုတွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများနှင့် ပတ်သက်၍ ပါဝင်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။

Loading