ဂျပန်နိုင်ငံမှ ငွေကြေး လွှဲပြောင်း ထုတ်ယူသုံးစွဲနိုင်သည့် JCB Card များဖြင့် မြန်မာနိုင်ငံရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်နိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ Myanmar Payment Union (MPU) နှင့် ဂျပန်နိုင်ငံ JCB တို့ ဇူလိုင် ၄ ရက်တွင် စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ Payment brand တခုဖြစ်သည့် JCB ၏ နိုင်ငံတကာ ဌာနခွဲတခုဖြစ်သော JCB Card များကို ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၀ တွင် စီးပွားရေး လုပ်ငန်းများ၊ ကုန်သည်များ သုံးစွဲနေကြောင်း၊ ဂျပန်နိုင်ငံတွင် JCB Card သုံးစွဲသူ ၆၅ သန်းရှိပြီး ကမ္ဘာ့နိုင်ငံများမှ ယင်း ကတ်ကိုင်ဆောင်သူများသည် JCB Card ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ပေါင်း ၁၇ ဘဏ်၌ ငွေထုတ်ယူ နိုင်မည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။