သတင်းတို

မူဆယ် ရိုးမဘဏ် သို့ ရှမ်း လက်နက်ကိုင်အဖွဲ့ ဆက်ကြေးတောင်းစာပို့

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ရိုးမ ဘဏ်သို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း က အခွန်ငွေ ကျပ် သိန်း ၁၀၀ ပေးဆောင်ရန် ဇူလိုင် ၃ ရက်က အကြောင်းကြားစာ ပေးပို့ကြောင်း သိရသည်။ ဆိုင်ကယ်စီးလာသူ တဦးပေးပို့လာသည့် ယင်းစာ၌ ဇူလိုင် ၁၄ ရက်နောက်ဆုံးထား၍ အခွန်ငွေကို ပေးရန်ပါရှိကြောင်း၊ ရိုးမ ဘဏ် က သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Loading