သတင်းတို
မလေးရှား FGV ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရော်ဘာစက်ရုံ တည်မည်
This article has been converted from Zawgyi One to Unicode
မလေးရှားနိုင်ငံမှ Felda Global Ventures Holding Bhd (FGV) ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် သဘာ၀ ရော်ဘာ စက်ရုံတည်ဆောက်ရေး အတွက် ယခုနှစ် အတွင်း လုပ်ငန်းများ စတင်နိုင်မည် ဟု ကုမ္ပဏီအကြီးအကဲ Mohd Emir Mavani Abdullah က ပြောဆိုကြေင်း Business Times သတင်းတရပ်၌ ဖော်ပြထားသည်။ ပြီးခဲ့သည်နှစ် ဒီဇင်ဘာက မြန်မာနိုင်ငံမှ ဖိုးလမင်း ကုန်သွယ်ရေး လိမိတက်နှင့် သဘာ၀ ရော်ဘာ စက်ရုံတည်ဆောက်ရေး ဆိုင်ရာ အပြန်အလှန် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ကြောင်း သိရသည်။ ယင်း ကုမ္ပဏီသည် မလေးရှားနိုင်ငံ အခြေပြု ကမ္ဘာ့တတိယ အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆီအုန်း ထုတ်လုပ်ရေး လုပ်ငန်း၊ ကြိမ်နှင့် ရော်ဘာ လုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။