မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ့ရိုးရာ အားကစားနည်း ခေါင်းစဉ်ဖြင့် ရိုးရာအားကစားနည်းကို ထည့်သွင်းမည် မဟုတ်ဘဲ ပြိုင်ပွဲကြီးများတွင် တင်ထားသည့် ခေါင်းစဉ်အောက်မှ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။ ရိုးရာအားကစားနည်း ထည့်သွင်းလိုပါက ၂ နှစ်ခန့် ကြိုတင်၍ ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲများတွင် သရုပ်ပြ စည်းရုံးရမည် ဖြစ်ကြောင်း၊ အားကစားနည်းနှင့် ပတ်သက်သည့် စည်းမျဉ်းဥပဒေများကို တခြား နိုင်ငံများကို ရှင်းပြရမှာဖြစ်ကြောင်း၊ အနည်းဆုံး ၃ နိုင်ငံ ပါဝင်လာမှသာ ယင်း အားကစားနည်းကို ပြိုင်ပွဲ၌ တရားဝင် ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့သိုင်းကို ပန်ကြပ်ဆီလတ် ခေါင်းစဉ်အောက်၊ မြန်မာ့ရိုးရာ လက်ဝှေ့ကို မွေ့ထိုင်း ခေါင်းစဉ်အောက်၊ မြန်မာ့ ခြင်းလုံးကို ပိုက်ကျော်ခြင်း ခေါင်းစဉ်အောက်၊ မြန်မာ့ရိုးရာလှေလှော် အားကစားနည်းကို လှေလှော်ရွက်တိုက် ခေါင်းစဉ်အောက် စသည်ဖြင့် ထည့်သွင်းယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။