သတင်းတို

ဘိန်းဘုရင် လော်စစ်ဟန် ကွယ်လွန်

This article has been converted from Zawgyi One to Unicode

ဘိန်းဘုရင် လော်စစ်ဟန် သည် ရန်ကုန်မြို့ရှိ နေအိမ်တွင် စနေနေ့က ကွယ်လွန် သွားကြောင်း သိရသည်။ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းကို အနှစ် ၄၀ ကျော် လုပ်ခဲ့သော အသက် ၈၀ နီးပါးရှိ လော်စစ်ဟန် ကွယ်လွန်ရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေး ကြောင်း AP သတင်းတွင် ရေးသားထားသည်။ မူးယစ် ဆေးဝါးဖြင့် နာမည်ကျော်ကြားသည့် လော်စစ်ဟန်ကို အမေရိကန် အစိုးရ က ၂၀၀၈ ခုနှစ်တွင် ဘဏ္ဍာရေး ဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ်ခဲ့သော်လည်း မြန်မာအစိုးရက တိုင်းရင်းသား အရေးနှင့် ဗမာပြည် ကွန်မြူနစ် ပါတီကို နှိမ်နင်းရာ၌ အသုံးချ ခဲ့သည်ဟုလည်း ဆိုသည်။ လက်ရှိ အစိုးရနှင့် နီးစပ်သည့် စီးပွားရေး ကုမ္ပဏီ အေးရှား ဝေါလ် ကုမ္ပဏီကို ဦးဆောင် လုပ်ကိုင်နေသော စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်သည် လော်စစ်ဟန်၏ သားတဦး ဖြစ်ကြောင်း သိရသည်။

Loading