မြန်မာ-အိန္ဒိယ ကုန်သွယ်မှု ပမာဏသည် လာမည့် ၂၀၁၅ တွင် နှစ်ဆခန့် တိုးတက်လာမည် ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ် ရေး ဌာနမှ ထုတ်ပြန်ချက်ကို ညွှန်း၍ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၅ တွင် နှစ်ဆခန့် တိုးတက်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ စတီးလ် ထုတ်ကုန်များ၊ ဆေးဝါး၊ လက်ဖက်ခြောက်၊ ဆိုင်ကယ်နှင့် အပိုပစ္စည်း၊ အပ်ချုပ်စက်နှင့် အခြားပစ္စည်း အမျိုးအစားများပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကိုလည်း အိန္ဒိယသို့ တင်ပို့နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။