အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ယမန်နေ့ နံနက် ၅ နာရီခွဲခန့်က ဗုံး ၇ လုံး ပေါက်ကွဲခဲ့ရာ မြန်မာနိုင်ငံမှ စာသင်သား ရဟန်းတပါးနှင့် အမျိုးသား တဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း အတွင်းရှိ မဟာဗောဓိညောင်ပင် အောက်တွင် ဗုံး ၂ လုံး၊ ရတနာဃရ သတ္တာဟတွင် ဗုံး ၁ လုံး၊ အနိမိတ္တသတ္တာဟတွင် ဗုံး ၁ လုံး၊ ဂျပန်ဘုရားကြီး ကမာကူရ ဆင်း တုတော် အနီးတွင် ဗုံး ၁ လုံး၊ တိဗက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ဗုံး ၂ လုံး စုစုပေါင်း ဗုံး ၇ လုံး ပေါက်ကွဲခဲ့ကြောင်း၊ ကမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံး ၁ လုံးကို တွေ့ရှိရကြောင်း မြန်မာ့ အလင်းသတင်းစာ၌ ပါရှိသည်။ ဗုံးကွဲမှုကြောင့် မြန်မာအမျိုးသား နှင့် မဟာဗောဓိ ညောင်ပင်အောက်တွင် ပဋ္ဌာန်းရွတ်ဆို ပူဇော်နေသည့် မြန်မာစာသင်သား ရဟန်း ဦးဝိလာသက္ကလင်္ကာရ (သက်တော် ၂၇ နှစ်၊ ဝါတော် ၇ ဝါ)တို့တွင် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး တိဗက် အမျိုးသား တဦးတွင် လည်း ဗုံးစထိမှန်ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဘုရားဖူးများသည်လည်း ဗုဒ္ဓဂယာသို့ နှစ်စဉ် စက်တင်ဘာမှ ဧပြီလအတွင်း အများဆုံး သွားရောက်မှုများ ရှိသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။