သတင်းတို

ထိုင်း PTTEP မြန်မာ့ ကမ်းလွန်တွင် သဘာ၀ ဓာတ်ငွေ့ ရှာဖွေတွေ့ရှိ

This article has been converted from Zawgyi One to Unicode

ထိုင်း PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံ မုတ္တမကမ်းလွန်တွင် စမ်းသပ်ရှာဖွေရေး ပြုလုပ်လျက်ရှိရာ သဘာဝဓာတ်ငွေ့တွင်း ၃ ခု ရှာဖွေတွေ့ရှိထားကြောင်း Natural Gas Asia သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း သဘာ၀ ဓာတ်ငွေ့တွင်းများမှာ အောင်သင်္ခ လုပ်ကွက် ၄၊ ၅၊ ၆ များ ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီနှင့် မေလများတွင် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အေင်သင်္ခ ၄ မှ တရက်လျှင် ဓာတ်ငွေ့ ကုဗပေ ၄ ဒသမ ၃၈ သန်းနှင့် လေဆီ စည် ၂၀၊ အောင်သင်္ခ ၅ မှ ဓာတ်ငွေ့ ကုဗပေ ၅ သန်းနှင့် လေဆီ စည် ၃၀၊ အောင်သင်္ခ ၆ မှ ဓာတ်ငွေ့ ကုဗပေ ၁၄ ဒသမ ၃၄ သန်းနှင့် လေဆီ စည် ၂၀၀၀ ထုတ်လုပ်ရရှိကြောင်း၊ PTTEP ကုမ္ပဏီအနေဖြင့် မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် ဖက်စပ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading