အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာ၌ ယမန်နေ့က ဗုံးများဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို အိန္ဒိယနိုင်ငံ ကျောင်းသား သမဂ္ဂများအဖွဲ့က ဒေသစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီက ငြိမ်းချမ်းစွာ ကန့်ကွက်မှု ပြုလုပ်ခဲ့ကြရာ အိန္ဒိယရောက် မြန်မာနိုင်ငံမှ ပညာတော်သင် ရဟန်းသံဃာတော် အပါး ၄၀ ကျော်ပူးပေါင်းပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေး နယ်မြေလည်းဖြစ်၊ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်သည့် ဗုဒ္ဓဂယာတွင် အကြမ်းဖက် ဗုံးခွဲမှုကို ပစ်တင် ရှုံချသည့်အနေဖြင့် ဒေသခံများနှင့် နိုင်ငံ တကာ သံဃာတော်များကလည်း ဒေသစံတော်ချိန် ယနေ့ ညနေ ၅ နာရီခွဲတွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း သိရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။