မြန်မာ့ အရေးနှင့် ပတ်သက်သည့် အာဆီယံ ဆွေးနွေးပွဲ တရပ် ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁၂ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပမည့် ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက ၂၀၁၄ တွင် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူ ဆောင်ရွက်ရာ၌ တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံကို သက်ရောက်မှုများ ပါဝင် မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။