သတင်းတို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် H.E Shri Arnjan Mathai နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ ဆက်ဆံရေး နယ်ပယ်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။ ဇူလိုင် ၇ ရက်က အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးများ ဆက်တိုက်ကွဲ၍ မြန်မာ သံဃာတော် တပါးနှင့် အမျိုးသား တဦး ဒဏ်ရာရှိမှု ဖြစ်ပွားခဲ့သေးသည်။

Loading