လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည် ဖော်မည့် ကော်မတီက သတင်းထုတ်ပြန်ချက် ၂/၂၀၁၃ ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ယင်း ကော်မတီအနေဖြင့် သိမ်း ဆည်း မြေယာများ စိစစ်ရေး အဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ လူမှုစီးပွားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက် ရေး အဖွဲ့နှင့် သာသနိက အဆောက်အအုံများ ပြောင်းရွှေ့ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း အဖွဲ့စသည်ဖြင့် အဖွဲ့၄ ဖွဲ့ခွဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် အရေးအခင်း အပေါ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆာင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က လွန်ခဲ့သည့် မတ်လအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။