မြန်မာနိုင်ငံတွင် နိုင်ငံရေး ပုဒ်မ ဟု လူသိများသော ပုဒ်မ ၅(ည)နှင့် ပုဒ်မ ၁၀ တို့ကို ပယ်ဖျက်မည် မဟုတ်ကြောင်းနှင့် ပြစ်ဒဏ်များလည်း လျှော့ပေါ့ပေးရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။ ယင်း ပုဒ်မများနှင့် ပတ်သက်ပြီး ယမန်နေ့က ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ရန်ကုန်တိုင်း လသာမြို့နယ် ကိုယ်စားလှယ် ဦးကြည်မြင့် ၏ မေးခွန်းကို ပြည်ထဲရေး ဒု ဝန်ကြီး ရဲချုပ် ကျော်ကျော် ထွန်းက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ ပုဒ်မ ၅(ည)သည် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ဖြစ်ပြီး ပုဒ်မ ၁၀ သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရ အဆက်ဆက်က ထိုဥပဒေ ပုဒ်မများဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။