ငွေတိုးချေးစားသူများကို ဥပဒေအရ အရေးယူနိုင်
This article has been converted from Zawgyi One to Unicode
တရားမဝင်ငွေတိုး ချေးစားသူများကို ထိရောက်စွာ အရေးယူနိုင်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေး၌ တင်ပြဆွေးနွေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက် မရှိဘဲ ငွေတိုး ချေးစားခြင်းကို နစ်နာသူ သို့မဟုတ် သိရှိသူများက တိုင်ကြားပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း၊ တရားမဝင် ငွေချေးငှားသည့် ကိစ္စများတွင် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘက်လိုက် လုပ်ဆောင် အကူအညီပေးမှုများကို သက်သေအထောက်အထား ခိုင်လုံစွာ တင်ပြတိုင်ကြား လာပါက ၂၀၁၂ ခုနှစ် ရပ်/ကျေး အုပ်စု အုပ်ချုပ် ရေး ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုင်စင်မဲ့ ငွေတိုးချေးစားသူများအား အရေးယူနိုင်သော တည် ဆဲ ဥပဒေ 1945, The Money Lenders Act နှင့် အသေးစား ငွေရေးကြေးရေး ဥပဒေကို ခေတ်နှင့်လိုက်လျော ညီထွေမှု ရှိစေရန် ကျယ်ပြန့်စွာ သုံးသပ်ပြီး ပြင်ဆင်သင့်သည်ဟု ဆွေးနွေးကြောင်း သိရသည်။