Chevrolet ကားများ မြန်မာပြည်တွင်း တင်သွင်း ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။ General Motors (GM) မော်တော်ကား ထုတ် လုပ်ရေး ကုမ္ပဏီက မြန်မာ့ဈေးကွက်တွင် Chevrolet ကားများ ဖြန့်ချိရောင်းချရန်နှင့် ဝန်ဆောင်မှုပေးရန် Pacific Alpine Pte, Ltd နှင့် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ GM ကုမ္ပဏီသည် Chevrolet, Buick, GMC, Cadillac, Baojun, Holden, Isuzu Jie Fang, Opel, Vauxhall and Wuling ကားများ ထုတ်လုပ် ရောင်း ချ လျက်ရှိပြီး Chevrolet အမျိုးအစားသည် အရှေ့တောင်အာရှနိုင်ငံများသို့ ၂၀၁၂ ခုနှစ်တွင် အစီးရေ ၈၈၄၀၀ ရောင်းချနိုင် ခဲ့ကြောင်း၊ ဈေးကွက်၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ ယခုနှစ် ပထမ ၆ လအတွင်း ၄၁၈၆၆ စီး ရောင်းချနိုင်ခဲ့ပြီး နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိကြောင်း သိရသည်။ ယင်း ကုမ္ပဏီကို ၁၉၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့တွင် စတင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၄၀ သို့ နှစ်စဉ် ကားအစီးပေါင်း ၄ ဒသမ ၅ သန်းကျော် ထုတ်လုပ်ရောင်းချလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ကား ကုမ္ပဏီ တခုဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။