တောင်သူများအား အကျိုးပြုနိုင်ရန် ရည်ရွယ်ထုတ်လွှင့်မည့် Farmers Channel ရုပ်သံလိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ Channel တခုအဖြစ် လာမည့် စက်တင်ဘာလတွင် စတင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ကျေးလက်ဒေသနေ တောင်သူများအတွက် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရေး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Farmers Channel နှင့် FM Radio လိုင်းများ ထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။