မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ယခုနှစ်အတွင်း သြစတြေးလျ ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ပေးသွားမည် ဖြစ် ကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံရာတွင် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ထည့်သွင်း ဆွေးနွေးသွားခြင်း ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံတွင် သြ စတြေးလျ အကူအညီပေးရး အစီအစဉ်(Aus Aid) က အကူအညီ ပေးနေသည်များကို ကျေးဇူးတင်ကြောာင်း၊ သြစတြေးလျ ဘုရင် ခံ ချုပ်နှင့် မိသားစု မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နိုင်ရေးနှင့် သြစတြေးလျ ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံသို့ ဖိတ်ကြား ကြောင်း ပြောကြားပြီး သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ရန်ကုန်မြို့၌ ကုန်သွယ်ရေး ကော်မရှင် ရုံး ဖွင့်လှစ်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်တော့မည် ဖြစ်ကြောင်း၊ သြစတြေးလျ ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံနေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် သြစတြေးလျ ဒေါ်လာ ၅ သန်း ထောက်ပံ့ပေး ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ရခိုင်ပြည်နယ် ဒုက္ခသည်များ၏ ပညာရေး၊ ကျန်းမာရေး ကူညီဆောင်ရွက်ပေးရန် တို့ကိုလည်း ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။