ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်ဖြင့် လာရောက်သော မြန်မာနိုင်ငံသားများကို ကမ္ဘာ့ ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ် ထားသည့် ဆူခိုထိုင်းမြို့ဟောင်း အထိ လည်ပတ်ခွင့်ပေးရန် စီစဉ်နေကြောင်း သတင်းရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ မြဝတီမြို့ဘက် မှထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ ဧရိယာ အတွင်း နယ်စပ်မှတဆင့် လာရောက်လည်ပတ်ခွင့် ပေးထားရာမှ ယင်းသို့ တိုး၍ ခွင့်ပြုပေးရန် တာ့ခ်ခရိုင် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် အကောက်ခွန် အရာရှိများ၏ ယမန်နေ့က အစည်းအဝေးတွင် ဆွေးနွေးတင်ပြကြကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားထားသည်။ ဆူခိုထိုင်းသည် တာ့ခ် ခရိုင်မှ ကီလိုမီတာ ၂၀၀ ခန့် ကွာဝေးသည်ဟု ဆိုသည်။ အစောပိုင်းကာလ က မြန်မာ အာဏာပိုင်များ က ဖိစ်နလွတ် (Phitsanulok)မြို့အထိ သွားရောက်ခွင့် ပေးရန် အကြံပြုထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။