ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ နည်းပညာ အထောက်အကူ ပြုအဖွဲ့ (Technical Team) နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နည်းပညာ အထောက် အကူ ပြုအဖွဲ့ (Technical Team) တို့သည် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အတွက် အကြိုတွေ့ဆုံ ညှိနှိုင်းပွဲတစ်ခုကို ဇူလိုင် လ ၁၃ရက် နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Myanmar Peace Center မှ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။ ”အခု ဆွေးနွေးပွဲမှာ Technical Team ပဲ ဖြစ်တဲ့အတွက် အဆုံးအဖြတ်ပေးမဲ့ သူတွေပါမှာ မဟုတ်ဘူး။ အတွင်းရေးမှူးအဖွဲ့လို့ ပြောလို့ရတဲ့ လက်ထောက်တွေ အချင်းချင်းပဲ ဆွေးနွေးမှာပါ”ဟု သူက ဆိုသည်။ ယင်း အကြိုညှိနှိုင်း ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းပြမြေပုံ အကြောင်း အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က သတင်းထုတ်ပြန် ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။