ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေး လျက်ရှိသော ဥပဒေကြမ်း ၂ ခုနှင့် ပတ်သက်ပြီး အကြံပြု ဆွေးနွေးလိုသူများကို ဖိတ်ခေါ်ထားသည်။ ယင်း ဥပဒေများမှာ “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် “တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင် ရေး ဥပဒေကြမ်း” များဖြစ်ကြောင်း သိရသည်။ ဆွေးနွေးလိုသူများ အနေဖြင့် ဇူလိုင်လ ၁၂ ရက်မှ ၁၅ ရက် အထိ နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ဥပဒေကြမ်း ကော်မတီရေးရာဆောင် အမှတ် (အိုင်-၂) သို့ လာရောက် ဆွေးနွေးနိုင်ကြောင်း၊ ဖုန်း ၀၆၇ ၅၉ ၁၃ ၅၈ သို့ ဆက်သွယ်နိုင်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။