ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သော ၂၀၁၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဒေါက်တာ စိုင်းမောက်ခမ်းက မွေးဖွားနှုန်း ကျဆင်းခြင်း နှင့် မျှော်မှန်း သက်တမ်းများ မြင့်မားလာခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ဖွဲ့စည်းမှုပုံစံ ပြောင်းလဲလာကြောင်း ပြောကြား သည်။ ထို့အပြင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုကြောင့် ထိခိုက်မှုများနှင့် ပတ်သက်၍လည်း ဆက်လက်ပြောဆိုသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ နှစ်စဉ် ဇူလိုင် ၁၁ ရက် ကျရောက်တိုင်း လူဦးရေဆိုင်ရာ ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက် မှု ဆက်နွှယ်မှုကို သတိပြုသဘောပေါက်စေရန် ရည်ရွယ်လျက် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား ကျင်းပလာသည်မှာ ၂၄ ကြိမ်ရှိပြီ ဖြစ် ကြောင်း၊ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “Adolescent Pregnancy” “သီးချိန်၊ ပွင့်ချိန် တန်ပါမှ၊ ကျန်းမာလှပ၊ ပျိုရွယ် ဘဝ” ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။