သတင်းတို
ဦးသိန်းစိန် ဗြိတိန် သို့ ရောက်ရှိ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ဗြိတိန်နိုင်ငံသို့ ရောက်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်အတွင်း၌ ဦးသိန်းစိန်သည် ဗြီတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် စသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုင်ရာများကို ဆွေးနွေးရန် ရှိကြောင်း သတင်းများက ဆိုသည်။ ဦးသိန်းစိန်သည် ဗြိတိန် နိုင်ငံ၌ ဇူလိုင် ၁၆ ရက်အထိ နေထိုင်ပြီးနောက် ပြင်သစ်နိုင်ငံ သို့ ခရီးဆက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ ခရီးစဉ်ကို ဇူလိုင် ၁၄ ရက်က စတင်ထွက်ခွာလာခြင်း ဖြစ်သည်။