ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) (ဝမ်ဟိုင်း)အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲတို့ စနေနေ့က ကျိုင်းတုံမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် နိုင်ငံရေး အဆင့်သို့ တိုးမြှင့်ဆွေးနွေးရေးနှင့် ဝမ်းဟိုင်း ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ လယ်ယာမြေ၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့် ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်၍ SSPP/SSA ဘက်က အထွေထွေ အတွင်းရေးမှူး ဦးစပ်ခွန်ဆိုင် ဦးဆောင် ဆွေးနွေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။