မြန်မာနိုင်ငံတွင် တောင်ကိုရီးယား နိုင်ငံ၏ ရင်းနှီးမြှုပ်နံှမှုများ တိုးမြှင့်လျက်ရှိရာ ၂၀၁၃ ခုနှစ် မတ်လ အထိ အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၇၉ ဘီလီယံ ရှိလာပြီဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှုများမှာ စီမံ ကိန်း ၇၇ ခုတွင်ဖြစ်ပြီး စွမ်းအင်၊ အိုင်တီ၊ အားကစား၊ သယ်ယူပို့ဆောင်ရေး၊ သစ်တောများ ပြုစုပျိုးထောင်ရေး၊ ရေအရင်းအမြစ်များ ရရှိရေး စသည့် စီမံကိန်းများတွင် ဖြစ်သည်။ e-Government System ပီပြင်စွာ ဖြစ်ထွန်းလာရေး အိုင်တီဌာန တခုကိုလည်း ထူထောင် ထားရှိမည်ဖြစ်သည်။ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် လမ်းကွန်ရက်များ ကောင်းမွန်စေရန်၊ တောင်ကိုရီးယား နိုင်ငံ တကာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (ကေအိုအိုင်စီအေ)က ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး၊ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။