သတင်းတို

မြန်မာ ၇ ဦး ထိုင်း ငါးဖမ်းလှေ၌ ရောင်းစားခံရ

This article has been converted from Zawgyi One to Unicode

ထိုင်း ငါးဖမ်း လှေတွင် ရောင်းစားခံထားရသည့် မြန်မာ လူမျိုး ၇ ဦးကို ဇူလိုင် ၁၀ ရက်က အင်ဒိုနီးရှား ရေတပ် က ကယ်တင်ခဲ့ကြောင်း သိရသည်။ ရောင်းစားခံထားရသည့် မြန်မာ ရေလုပ်သားများမှာ ထိုင်း ငါးဖမ်းလှေတွင် ၉ လ ခန့် ရောက်ရှိ လုပ်ကိုင်နေကြရပြီး လုပ်ခလစာလည်း မရရှိကြောင်း၊ ၎င်းတို့ကို အင်ဒိုနီးရှား နိုင်ငံ မာလုကု ကျွန်းတွင် ဆိုက်ကပ်ထားသော ထိုင်း ငါးဖမ်းလှေ အမှတ် ၂၅ မှ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကယ်တင်မှုတွင် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ အင်ဒိုနီးရှား ရဲတပ်ဖွဲ့တို့လည်း ပူပေါင်း ပါဝင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

Loading