သမ္မတ ဦးသိန်းစိန် သည် ယမန်နေ့က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံသည်။ ၎င်းသည် ဗြိတိန် ကာကွယ်ရေးဝန်ကြီး အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံသေး သည်။ ဇူလိုင် ၁၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ် ခရီးစဉ် ကို ဇူလိုင် ၁၄ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။