သတင်းတို

နှစ်မကုန်မီ စတော့ ရှယ်ယာ ဈေးကွက် ဖွင့်လှစ်ဖွယ်ရှိ

This article has been converted from Zawgyi One to Unicode

မြန်မာပြည်၏ ပထမဆုံးသော စတော့ရှယ်ယာ ဈေးကွက် ကို ယခုနှစ် မကုန်မီ ဖွင့်လှစ်ရန် ရှိကြောင်း သတင်းရသည်။ ယင်းသို့ ဖွင့် လှစ်နိုင်ရေး အတွက် အစိုးရကလည်း တွန်းအား ပေးမှုရှိကြောင်း၊ စင်္ကာပူနှင့် ဂျပန်နိုင်ငံတွင် ကျင်းသုံးနေသော စတော့ ဈေးကွက် ကို စံနမူနာထား လုပ်ကိုင်ရန် မြန်မာတာဝန်ရှိသူများက လိုလားကြောင်း၊ လက်ရှိကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများတွင် လည်း စတော့ ဈေးကွက်ဆိုင်ရာ ဥပဒေကို ဆွေးနွေးအတည်ပြုဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း စင်္ကာပူ သတင်းဌာန Channel News Asia သတင်းတပုဒ်တွင် ဖော်ပြထားသည်။ စတော့ ဈေးကွက်ဝင်နိုင်သည့် ပြည်တွင်း ကုမ္ပဏီ ၇၀ ရှိသည်ဟုလည်း ဆိုသည်။

Loading