သတင်းတို

အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း ထုတ်လွှင့်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း ကောက်နုတ်ချက် အစီအစဉ်ကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် အစိုးရ ရုပ်မြင်သံကြားနှင့် ရေဒီယိုများက ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက် ဖြစ်ကြောင်း၊ ထို့အပြင် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမှု အပါအဝင် အာဇာနည်နေ့နှင့် ဆက်စပ်သည့် သတင်း အစီအစဉ်များ၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု ဂါရ၀ အစီအစဉ်များကို လည်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။ ယင်း အစီအစဉ်များကို ယခင် စစ်အစိုးရ လက်ထက်တွင် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading