သတင်းတို
နစက လူ့အခွင့်အရေး ချိုးဖောက်မှုရှိဟု ကင်တာနာ ပြော
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဖျက်သိမ်းလိုက်သည့် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု(နစက) ဌာနချုပ် သည် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိသောကြောင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ က အစိုးရကို တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ကြေညာချက် ထုတ်၍ ထိုသို့ တောင်း ဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းက နစက ၏ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက် အချက်အလက်များ ရရှိထားကြောင်းနှင့် ယင်း အချက်အလက်များ အပေါ် သံသယမဖြစ်ကြောင်း လည်း ပြောဆိုထားသည်။ နစက ကို ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲဖြင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။