တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သော မွန်ပြည်သစ် ပါတီ(NMSP)နှင့် အစိုးရ တပ်ဖွဲ့တို့ ယမန်နေ့က တနင်္သာရီ တိုင်း မြိတ် ခရိုင်ဘက်တွင် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။ NMSP တပ်ဖွဲ့ စခန်းချသည့် ထိုင်း-မြန်မာ နယ်စပ် ပေါင်းကိုး ဒေသ ဘက် ကို အစိုးရတပ်က ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း NMSP ဒေသခံ တပ်မှူးများကို ကိုးကားပြီး ဗီအိုအေ က သတင်း ထုတ်ပြန်ထားသည်။ NMSP နှင့် အစိုးရသည် ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားခြင်း ဖြစ်ပြီး ယခု ပထမ ဆုံးအကြိမ် တိုက်ပွဲပြန်ဖြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။