ရွှေ သဘာ၀ ဓာတ်ငွေ့(ရွှေဂက်စ်) လှုပ်ရှားမှုအဖွဲ့က သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်သည့် အစီရင် ခံစာ တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။ “မြန်မာ့ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ကောင်းမွန်သည့် အစိုးရ အုပ်ချုပ်ရေး စနစ်”အမည်ရှိယင်း အစီအရင်ခံစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့တော်ဝင် နှင်းဆီးခန်းမ၌ ကျင်းပ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ သယံဇာတ တူးဖော် ထုတ်လုပ်မှု လုပ်ဆောင်ရာ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများ၊ ဝင်ငွေ ခွဲဝေ သုံးစွဲမှုများ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ဥပဒေများတွင် ထင်ထင်ရှားရှား အားနည်းမှုများ ရှိနေကြောင်း ဖော်ထုတ် ထားပြီး အစီရင်ခံစာပါ တွေ့ရှိချက်များကို ရှင်းလင်းခြင်း ဖြစ်သည်။ ရွှေ သဘာ၀ ဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ဆောင်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ လေ့လာ စောင့် ကြည့်ရေး လှုပ်ရှားမှု အဖွဲ့ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။