သတင်းတို

ပြင်သစ် သမ္မတနှင့် ဦးသိန်းစိန် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် ပြင်သစ် သမ္မတ Mr.Francois Hollande နှင့် ယမန်နေ့က တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာ၌ စီးပွားရေးဆိုင်ရာများနှင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း၊ ထို့အပြင် ပြင်သစ် ဝန်ကြီးချုပ် Jean-Marc Ayrault နှင့်လည်း တွေ့ဆုံကြောင်း AP သတင်း၌ ပါရှိသည်။ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံမှ တဆင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင် ၄၀ ကျော်နှင့်လည်း တွေ့ဆုံပြီး ဖြစ်သည်။ ဗြိတိန်နှင့် ပြင်သစ် ခရီးစဉ်ကို ဦးသိန်းစိန် သည် ဇူလိုင် ၁၄ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။

Loading