• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန် ပြင်သစ် သမ္မတ တိုက်တွန်း

by လင်းသန့်
18 July 2013
in သတင်း
A A
ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန် ပြင်သစ် သမ္မတ တိုက်တွန်း

သမ္မတ ဦးသိန်းစိန် နှင့် ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလန်းဒ် တို့ ပါရီမြို့ရှိ သမ္မတ နန်းတော်၌ တွေ့ဆုံဆွေးနေစဉ် (ဓာတ်ပုံ - သမ္မတရုံး ဝက်ဘ်ဆိုက်)

2.4k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်ကို ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလန်းဒ်က နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ရှေ့တိုး ဆောင်ရွက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးမှတ်တမ်းများ ကောင်းမွန် ရန် တိုက်တွန်း ပြောကြားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ရောက်ရှိနေသော ဦးသိန်းစိန်နှင့် ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလန်းဒ်တို့သည် ယမန်နေ့က ၄၅ မိနစ်ကြာ ဆွေးနွေးပြောကြားရာတွင် လွန်ခဲ့သော ၂ နှစ်မှ စ၍ ပြုလုပ်လာသည့် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြသည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
313
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
11
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
2.9k

ပြင်သစ်သမ္မတရုံး၏ ကြေညာချက်တွင်လည်း ဖရန်ဆွာ အိုလန်းဒ်က မြန်မာနိုင်ငံတွင် အတိုက်အခံသည် ယခုအခါ နိုင်ငံရေး စင်မြင့် တွင် ပါဝင် လာနေပြီ ဖြစ်သည်ဟုလည်း ချီးမွမ်းစကား ဆိုကြောင်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ တိုင်းရင်းသား အရေးနှင့် လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ပြင်သစ် သမ္မတ က စိုးရိမ်မှုရှိသည်ဟုလည်း ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးမည်ဖြစ်ပြီး တနိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးမှုကို လာမည့် သီတင်းပတ်များအတွင်း ဆောင်ရွက်သွားမည်ဟု လန်ဒန်တွင် လူသိရှင်ကြား ကတိပေးခဲ့သည်။

ထိုကဲ့သို့ ကတိပေးထားသော်လည်း ဥရောပရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ မတရားဖမ်းဆီးမှုများ ဆက်လက်ရှိနေသေးပြီး ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီနှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်မှုများ ကို ထောက်ပြ၍ သမ္မတသည် အပြောနှင့်အလုပ် မညီကြောင်း ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်သည်။

ပြင်သစ်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ်တဦးကမူ ဦးသိန်းစိန်၏ ပထမဆုံး ပြင်သစ်နိုင်ငံ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဖြစ်ပြီး မြန်မာအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပုံမှန်ဆက်ဆံရေးကို လိုလားကြောင်း ပြသသည့်ခရီးစဉ် ဖြစ်ကြောင်း မှတ်ချက် ပြုသည်။

သမ္မတ ဦးသိန်းစိန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ပြင်သစ် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍတွင် ပြင်သစ်မှ လာရောက်ရင်းနှီးမြှုပ်နှံရေး အပါအဝင် ရေကောင်းရေသန့် ရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် လမ်း၊ တံတား စသည့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကဏ္ဍ၊ စွမ်းအင်နှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်းအဖွဲ့ (International Federation for Human Rights -FIDH) နှင့် နယ်စည်း မခြား သတင်းထောက်များ အဖွဲ့(RSF)ကလည်း မြန်မာနှင့် ကနဦး စာချုပ်များ ချုပ်ဆိုရန် လုပ်ကိုင်နေသည့် ပြင်သစ်၏ အဓိက စီးပွားရေးလုပ်ငန်း Vinci Bouygues၊  Total နှင့် Orange ကုမ္ပဏီ လုပ်ငန်းစုကြီးများ အနေဖြင့် စီးပွားရေး အကျိုးအမြတ်တခုတည်းကို မကြည့်ရန် မြန်မာနှင့် ပြင်သစ် သမ္မတ ၂ ဦးတို့ထံ ပူးတွဲစာ ပေးပို့ခဲ့သည်။

ဦးသိန်းစိန်သည် ပြင်သစ် ဝန်ကြီးချုပ် ယန်းမာ့ခ် အီးဟို့တ်နှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။

အမည်မဖော်လိုသူ သံတမန် တဦး၏ အဆိုအရ ပြင်သစ်နှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးသည် လူသိရှင်ကြား မဟုတ် သော် လည်း ပုံမှန်ဆက်ဆံရေး ရှိနေဆဲဖြစ်ပြီး တနှစ်လျှင် ယူရို ၁၈ သန်း( အမေရိကန် ဒေါ်လာ ၂၃ သန်း) ရှိကြောင်း သိရ သည်။

ပြင်သစ် နိုင်ငံရပ်ခြား ကုန်သွယ်ရေး ဝန်ကြီး Nicole Bricq သည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ထားပြီး လွန်ခဲ့သည့် မတ်လကလည်း ပြင်သစ်ဖွံ့ဖြိုးရေး ဝန်ကြီး Pascal Canfin သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

ပြင်သစ်ကုန်သွယ်ရေး ဝန်ကြီး၏ လာမည့် မြန်မာပြည်ခရီးစဉ်အတွင်း ပြင်သစ်၏ အကြီးဆုံး ရေနံကုမ္ပဏီတခုဖြစ်သည့် တိုတယ်လ် အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ စွမ်းအင်ကဏ္ဍ ရင်းနှှီးမြှုပ်နှံရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေး စာချုပ်များ ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ခရီးစဉ် မတိုင်မီ သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး စသည့် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ၊ ဗြိတိန် စီးပွားရေး လုပ်ငန်းရှင်များ၊ ဗြိတိန်-အာဆီယံ စီးပွားရေးကောင်စီ(U.K – ASEAN Business Council)တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံမှုများအတွင်း ဦးသိန်းစိန်က ဒီမိုကရေစီလမ်းလျှောက်ရာတွင် နိုင်ငံရေးတည်ငြိမ်စေရန် စီးပွားရေးဖွံ့ဖြိုးရန်လို ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီ လိုအပ်ကြောင်းများ ပြောကြားပြီး မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးြှမှုပ်နှံရေး ဖိတ်ခေါ်မှုများ လုပ်ဆောင်ခဲ့သည်။

ဗြိတိန်ခရီးစဉ် နောက်ဆုံးနေ့တွင် ဗြိတိန်နှင့် မြန်မာနိုင်ငံတို့အကြား ဘဏ္ဍာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ (Financial Service Taskforce) တခု ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအဖွဲ့က မြန်မာ့ဘဏ္ဍာရေး ကဏ္ဍ တိုးတက်စေရေး ကူညီပေးမည်ဖြစ်ပြီး ဗြိတိန်အပါအဝင် နိုင်ငံတကာမှ မြန်မာ နိုင်ငံ အား ရင်းနှီးမြှုပ်နှံသူများ အားလုံးအတွက် ဘဏ္ဍာရေးဆိုင်ရာ အဟန့်အတားများကို ကူညီဖြေရှင်းပေးမည့် အဖွဲ့လည်း ဖြစ် သည်ဟု ဆိုသည်။

ဥရောပ သမဂ္ဂ(EU)ကလည်း မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့်ရ တိုင်းပြည်အနေနှင့် ပြန်လည် အသိအမှတ်ပြုမှုကို ဇူလိုင် ၁၉ ရက်တွင် စတင် အသက်ဝင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိဂ်က ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အပြီး ကြေညာချက် ထုတ်ပြန်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးနှင့် မြန်မာ့ တပ်မတော် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများကို အလေးထားဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့တပ်တော်အနေဖြင့် လူ့အခွင့်အရေးကိုလေးစားသည့် နိုင်ငံတကာ အဆင့်မီ တပ်မတော်အဖြစ် အာရုံထားကြောင်းတို့ ပါရှိသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးကလည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်တပ်မတော်၏ Managing Defence in the Wider Security Context သင်တန်းအတွက် မြန်မာစစ်တပ်အရာရှိ ၃၀ ခန့်ကို တက်ရောက်သင်ကြားရေး အကူအညီ ပေး မည်ဟု သမ္မတ ဦးသိန်းစိန်ကို ကမ်းလှမ်းခဲ့ကြောင်း ၎င်းကြေညာချက်အရ သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ဖြင့် အရေးယူခံထားရသော မြောက်ကိုရီးယားနှင့် စစ်ရေးဆက်သွယ်မှု အဆုံး သတ် သွားပြီဟု သမ္မတ ဦးသိန်းစိန်ထံမှ ကတိပြုချက် ရထားကြောင်းလည်း ကြေညာချက်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်သည် ၃ ရက်ကြာ ဗြိတိန် ခရီးစဉ်အတွင်း လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရန် အစီအစဉ်မရှိသေးကြောင်း၊ တိုင်းပြည် စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူငယ် များအတွက် အမြဲစဉ်းစားနေသည့် အတွက် သမ္မတအဖြစ် ဝင်ရွေးမည်ဟု ထုတ်ဖော်ပြောကြားခဲ့သူ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပြိုင်ဘက် အဖြစ် မမြင်ကြောင်း လန်ဒန်အခြေစိုက် ဘီဘီစီ နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်းစိန် က ပြောဆိုသွားသည်။

Your Thoughts …
Tags: FranceThein Sein
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မြေသိမ်းမှု, သမ္မတဦးသိန်းစိန်

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု

by မေခ
30 September 2013
2.8k

ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင် လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

by သာလွန်ဇောင်းထက်
2 September 2013
10.1k

ထိပ်သီး အကွဲအပြဲတွေကို ထိန်းကျောင်းပေး နိုင်သူဆိုလို့ အခု အငြိမ်းစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ရှိတာကြောင့် သူ့ကို ကြားဝင်ဖို့ ပန်ကြားမှုတွေ ရှိတယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက တဆင့် ဧရာဝတီက ကြားသိရပါတယ်။

နော်ဝေကနေ ကြိုနေတယ်

နော်ဝေကနေ ကြိုနေတယ်

by ထက်အောင်ကျော်
15 February 2013
6.9k

မင်းကိုနိုင်ကို ကြိဆိုမယ့် လူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ သိရပေမယ့် သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုမယ့် မြန်မာနိုင်ငံသား ဒါမှမဟုတ် သူနဲ့အတူ ညစာ စားပွဲတက်မယ့် မြန်မာနိုင်ငံသား မရှိသလောက် နည်းနေတယ်လို့ သိရပြီး ဆန္ဒပြပွဲလုပ်မှာကိုတောင် စိုးရိမ်နေရပါတယ်

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

by သာလွန်ဇောင်းထက်
29 August 2013
4.9k

သမ္မတ ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်းအကြား မပြေလည်မှုများရှိနေရာ သူရဦးရွှေမန်း ပေးပို့သည့် မြေယာ ကိစ္စ ဖြေရှင်းပေးရေး သ၀ဏ်လွှာသည် အစိုးရနှင့် လွှတ်တော် အကြား တင်းမာမှု တခုအဖြစ် ရှုမြင်နိုင်ကြောင်း

သမ္မတ, ဦးသိန်းစိန်, သံတွဲ, ရခိုင်, အကြမ်းဖက် တိုက်ခိုက်

ရခိုင်မှ သမ္မတ ဦးသိန်စိန် ပြန်သည့် ည သံတွဲ၌ နေအိမ် ၂ လုံး ထပ်မံ မီးရှို့ခံရ

by လင်းသန့်
4 October 2013
4k

သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်၍ ပြန်သွားသည့် ယမန်နေ့ ည ၁၁ နာရီခန့်က သံတွဲမြို့ ကျောက် ဆိပ် ကျေးရွာတွင် မွတ်စလင် နေအိမ် ၂ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီးလိုက်ကြောင်း...

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

by လင်းသန့်
17 July 2013
3.4k

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

Next Post
လိပ်ပြာလုံဖို့လိုတယ်

လိပ်ပြာလုံဖို့လိုတယ်

အာဇာနည် လက်ဆင့်ကမ်း

အာဇာနည် လက်ဆင့်ကမ်း

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate