မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ က ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာအဖွဲ့(UNSCAP) နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OECD)တို့ ပူးတွဲရေးသားသည့် အစီရင်ခံစာ၌ ဆင်းရဲသည့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်တွင် အသက်ကြီးရင့်သူ ပိုမိုများပြားလာပြီး အလုပ်လုပ်ကိုင်နိုင်သူ နည်းပါးလာမည် ဖြစ်သောကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ မြန် ဆန်ရေး ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဖော်ပြထားသည်ဟု The Wall Street Journal က ရေးသားသည်။ လာမည့် ဆယ်စုနှစ်များတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် လက်ရှိ သန်း ၆၀ ထက် ပိုများပြားလာမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။