ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နေထိုင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ(NDF) မှ ဒေါ်ဘောက်ဂျာကို ယမန်နေ့ ညနေပိုင်းက ၎င်း၏ နေအိမ်မှ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ ခရိုင် ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီးရခြင်း အကြောင်းရင်းကို မသိရှိရသေးကြောင်း Eleven Media Group အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ဒေါ်ဘောက်ဂျာသည် နာမကျန်းဖြစ်သော ဆွေးမျိုးသာချင်း တဦးအား ကူညီမှုတွင် ဆေးဘက်ဆိုင်ရာ လွဲချော်မှု ဖြစ်၍ တရား ရင်ဆိုင်ခဲ့ရဖူးကြောင်း၊ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ယုဇနကုမ္ပဏီ၏ စိုက်ပျိုးမြေသိမ်းယူမှုကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုအတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ဖူးသူ ဖြစ်ပြီး ကလေးစစ်သား ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေ သူ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။