သတင်းတို

အာဇာနည်နေ့ အစိုးရ သတင်းစာများ ထင်ရှားစွာ ဖော်ပြလာ

This article has been converted from Zawgyi One to Unicode

အစိုးရ သတင်းစာများ အားလုံး ယနေ့ ကျရောက်သော ၆၆ နှစ်မြောက် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက် တွင် အာဇာနည် ခေါင်း ဆောင်ကြီးများ၏ ဓာတ်ပုံဖော်ပြမှုများ၊ အယ်ဒီတာ့ အာဘော် ရေးသားချက်များ စသည့် အာဇာနည်နေ့ နှင့် ပတ်သက်ပြီး ပထမဆုံး အနေနှင့် သတင်းစာ မျက်နှာဖုံးမှ စတင်၍ ပြန်လည် ဖော်ပြသည်ကို တွေ့ရသည်။ ယခင် စစ်အစိုးရ လက်ထက်မှ ၂၀၁၁ ခုနှစ် အထိ အာဇာနည်နေ့နှင့် ပတ်သက်ပြီး အစိုးရ သတင်းစာများတွင် ထင်ထင်ရှားရှား ဖော်ပြခဲ့ခြင်း မရှိပေ။ သတင်းစာ ဖော်ပြမှုများမှာ အာဇာနည်နေ့ အလွန် ဇူလိုင် ၂၀ ရက်တွင်မှ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Loading