သတင်းတို

ဦသိန်းစိန် ဗာဆိုင်းနန်းတော် သို့ သွားရောက်လေ့လာ

This article has been converted from Zawgyi One to Unicode

ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ဗာဆိုင်းနန်းတော်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာကျော် ပန်းပုများရှိသည့် လုဗ် ပြတိုက် ကိုလည်း သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးသိန်းစိန်သည် ညနေပိုင်း တွင် ပြင်သစ် အခြေစိုက် French 24 ရုပ်မြင်သံကြား ဌာနနှင့် အမေရိကန် နိုင်ငံခြားရေး ပေါ်လစီ(Foreign Policy) မဂ္ဂဇင်းတို့နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့သည်။ ယနေ့တွင် ပြင်သစ်သူရဲကောင်း နပိုလီယံ အုပ်ဂူရှိရာကို သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။ ဗာဆိုင်း သည် ပထမ ကမ္ဘာစစ် စစ်ပြေငြိမ်းရေး စာချုပ် ဗာဆိုင်းစာချုပ် ချုပ်ဆိုသော အထိမ်းအမှတ် နေရာလည်း ဖြစ်သည်။

Loading