သတင်းတို

ရန်ကုန် - မန္တလေး ရထားခရီးစဉ် ၁၂ နာရီခန့်သာ ကြာတော့မည်

This article has been converted from Zawgyi One to Unicode

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ် အတွက် ၁၂ နာရီခန့်သာ ကြာမြင့်တော့မည် ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်း ၇ မှ မန်နေဂျာ ဦးကျော်ကျော်မျိုး၏ ပြောကြားချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ မိုင်ပေါင်း ၄၃၀ ဝေးကွာသည့် ယင်းခရီးလမ်း သွားလာချိန်မှာ ယခင်က ၁၆ နာရီ ကြာမြင့်ခဲ့ကြောင်း၊ လမ်းပိုင်းမြှင့်တင်မှု၊ ဝန်ဆောင်ပေးမှုများ တိုးတက်စေရန်နှင့် အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Loading