သတင်းတို

တရုတ် က မြန်မာနှင့် စစ်ရေးဗျူဟာ ပူးပေါင်းတိုးမြှင့်လို

This article has been converted from Zawgyi One to Unicode

တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် စစ်ရေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားလိုကြောင်း ယမန်နေ့က မြန်မာ နိုင်ငံသို့ ရောက်ရှိလာသည့် တရုတ် ကာကွယ်ရေး အကြီးအကဲက ပြောကြားသည်ဟု UPI သတင်းတရပ်၌ ဖော်ပြထားသည်။ တရုတ် ကာကွယ်ရေးဗဟို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Fan Changlong သည် မြန်မာနိုင်ငံ နေပြည်တော်သို့ တနင်္လာနေ့က တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ မြန်မာ့ကာကွယ်ရေး အရာရှိများနှင့် အင်္ဂါနေ့တွင်တွေ့ဆုံမည် ဖြစ်သည်။ ဆင်ဟွာ သတင်းဌာနက ယင်း ခရီးစဉ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တွန်းအားပေး လုပ်ဆောင်သွား နိုင်မည်ဖြစ် သည် ဟု ရေးသည်။ တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကချင် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ပြီးခဲ့သည့် လက ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

Loading