သတင်းတို

EU အရာရှိများနှင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ဒေသအရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဥရောပ သမဂ္ဂ(EU) နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာဌာန အကြီးအကဲ မစ္စကက်သရင်း အက်ရှ်တန်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ် ကူးပါးနှင့် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများ ပေးနိုင်ရေး၊ အရေးပေါ် အခြေအနေများနှင့် သဘာ၀ ဘေးအန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေး ဆိုင်ရာများ စသည်တို့ကို ဆွေးနွေးကြောင်း သိရသည်။

Loading