မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ရေအောက်ဖိုက်ဘာ ကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းသည် ပင်လယ်တွင်း ၁၃ ကီလို မီတာ ခန့်၌ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၅းဝဝ နာရီခန့်တွင် ချွတ်ယွင်းမှုဖြစ်ပွားခဲ့သဖြင့် တလခန့် အင်တာနက် မြန်နှုန်းများ နှေး နေ မည် ဖြစ်ကြောင်း သိရသည်။ စင်ကာပူ အခြေစိုက် ပင်လယ် ရေအောက် ကေဘယ်ပြုပြင်ထိန်းသိမ်းရေးရေး အဖွဲ့နှင့် ညှိနှိုင်းကာ အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း ဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသည့် အင်တာနက်နှင့် နိုင်ငံရပ်ခြား ဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်သွားခြင်း မဖြစ်စေရန် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းမှ ချိတ်ဆက်ပေးထားကြောင်း၊ ယင်း ရေအောက် ဖိုက်ဘာကေဘယ် ပြုပြင်ရန် တလ ခန့် ကြာမြင့်မည်ဖြစ်၍ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။