ထိုင်း လေကြောင်းလိုင်း တခုဖြစ်သည့် Nok Air လေကြောင်းလိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာ မည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ခရီးသည် ၃၄ ဦး လိုက်ပါစီးနင်းနိုင်သည့် လေ ယာဉ်ငယ်များဖြင့် နေ့စဉ် ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ မဲဆောက်မှ အသွား လေယာဉ်စီးခ ထိုင်း ဘတ်ငွေ ၁၅၉၀ ခန့်သာကုန်ကျမည် ဖြစ်ပြီး မဲဆောက်မှ ရန်ကုန်သို့ ပျံသန်းချိန် ၅၅ မိနစ်ခန့်သာကြာမြင့်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ရေးသား ထားသည်။ ထို့အပြင် မဲဆောက်-မော်လမြိုင် ခရီးစဉ်လည်း ပြေးဆွဲမည်ဖြစ်ကြောင်း၊ Nok Air လိုင်းသည် ဘန်ကောက်-ရန်ကုန် ခရီးစဉ်လည်း ပြေးဆွဲရန်ရှိပြီး စရိတ်သက်သာသည့် လေကြောင်းလိုင်း တခု ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။