ဖိလစ်ပိုင် သမ္မတ ရာမွန် မဂ်ဆေးဆေးကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ချီးမြှင့်သော Ramon Magsaysay Award ၆ ဆုအနက် ယခုနှစ်တွင် တဆုကို မြန်မာနိုင်ငံရှိ Metta Development Foundation မှ ဒေါ်လဖိုင် ဆန်းရော်က ရရှိကြောင်း သိရသည်။ ဒေါ်လဖိုင် ဆန်းရော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မဂ်ဆေးဆေး ဆုချီးမြှင့်ရေးအဖွဲ့က “လူမျိုးရေး ခွဲခြားမှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေသည့် စစ်မက်ဇုန်တွင် တည်ငြိမ်စွာ ထူးကဲသည့် ဦးဆောင်ပေးမှုများကြောင့်” ဟု အကဲဖြတ် သုံးသပ်ခဲ့ကြောင်း သိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ ဒေါ်လဖိုင် ဆန်းရော်သည် စစ်ဘေးရှောင် ဒုက္ခသည်များကို အားပေး နှစ်သိမ့်ခဲ့ပြီး ကျောင်းပညာ သင်ကြားနိုင်ရေးနှင့် ဆေးဝါးကုသနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရာမွန် မဂ်ဆေးဆေးဆုများကို ၁၉၅၇ ခုနှစ်မှစ၍ နှစ်စဉ် ချီးမြင့်ခဲ့ခြင်း ဖြစ်ပြီး ၁၉၅၉ ခုနှစ်တွင် ဒေါ်တီတီလုစ် နှင့် ဦးလောရုံ၊ ၂၀၀၂ တွင် ဒေါက်တာ စင်သီယာမောင်၊ ၂၀၀၉ ခုနှစ်တွင် ကာဆောဝါးတို့ ရရှိခဲ့ဖူးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။