• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တရုတ်-မြန်မာ စစ်တပ်ချင်း မဟာဗျူဟာမြောက် တိုးမြှင့် ဆက်ဆံမည်

by လင်းသန့်
24 July 2013
in Military
A A
တရုတ်-မြန်မာ စစ်တပ်ချင်း မဟာဗျူဟာမြောက် တိုးမြှင့် ဆက်ဆံမည်

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန် ချန်လောင် (General Fan Changlong) နှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မတရုံး ဝက်ဘ်ဆိုက်)

3.9k
VIEWS
Share on FacebookShare on Twitter

တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော်များအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆက်ဆံ သွားမည်ဟု သတင်း ရရှိသည်။

နေပြည်တော်သို့ ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန် ချန်လောင် (General Fan Changlong) နှင့် သမ္မတ ဦးသိန်းစိန်တို့သည် ယမန်နေ့က နေပြည်တော် သမ္မတ အိမ်တော် ဧည့်ခန်းမတွင် နှစ်နိုင်ငံအစိုးရချင်းသာမက တပ်မတော်ချင်း မဟာဗျူဟာမြောက်ဆက်ဆံရေးကို နောက်တဆင့် တိုးမြှင့်ရေး ဆွေးနွေးကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြသည်။

RelatedPosts

ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

17 June 2025
0
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
932
၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

17 June 2025
3.7k

အစိုးရသစ်လက်ထက်တွင် အရှေ့နှင့် အနောက် မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေသည်ဟု လည်း သမ္မတ ဦးသိန်းစိန်က မစ္စတာ ဖန် ချန်လောင်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ် ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း၊ မြန်မာကို မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေး သတ်မှတ်ထားခြင်း အခြေခိုင်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒေသတွင်း လုံခြုံရေးအတွက် တရုတ်စစ်တပ်နှင့် နီးကပ်စွာ ဆက်ဆံသွားမည်ဖြစ်ပြီး ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ကို အကျိုးဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ဆွေးနွေးပြောကြားသည်ဟု နိုင်ငံပိုင် သတင်းစာများက ဆိုသည်။

ထို့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများ အကောင်အထည် ဖော်နေကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း တရုတ် စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မစ္စတာ ဖန်ချန်လောင်ကလည်း ၂ နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား တိုးတက်ခိုင်မာရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားကြောင်း၊ ၂ နိုင်ငံ စစ်တပ် ပူးပေါင်းကာ အဆိုပါ ကိစ္စရပ် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးကြောင်း သိရသည်။

မစ္စတာ ဖန် ချန်လောင်၏ မြန်မာခရီးစဉ်သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးများ ဆက်လက် ထိန်းသိမ်းရေး အတွက် မြန်မာ၊ ထိုင်း၊ ကာဇက်စတန် နိုင်ငံများ၏ စစ်တပ်များနှင့်တရုတ် စစ်တပ်တို့အကြား မဟာဗျူဟာမြောက် ဆက်ဆံ ရေး တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်သည့် ခရီးစဉ်အစိတ်အပိုင်း ဖြစ်ကြောင်း တရုတ် ဆင်ဝှာသတင်းဌာနက ဖော်ပြသည်။

မစ္စတာ ဖန် ချန်လောင်၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် စစ်တပ် ၃ ခုကို ကိုယ်စားပြု ၍ လာသည့် ခရီးစဉ်အဖြစ် နားလည်ကြောင်း၊ မြန်မာစစ်တပ်သည် အမေရိကန်၊ ဗြိတိန် စသည့် အနောက်နိုင်ငံများ၏ စစ် တပ်များနှင့် နီးကပ်သည့် ဆက်ဆံရေးရှိလာသည့်အပေါ် တရုတ်ဘက်က စိုးရိမ်မှုကြောင့် အဓိက ဖြစ်နိုင်သည်ဟု ထင်မြင် ကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။

“အဓိက နိုင်ငံတကာ တပ်မတော်တွေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး၊ သူတို့(တရုတ်နိုင်ငံ) အင်မတန် စိုးရိမ်တယ်။ ကြာ လေ ကြာလေ အနောက်နိုင်ငံ စစ်တပ်တွေနဲ့တိုးပြီး ဆက်ဆံလာမှာတွေကို သူတို့ စိုးရိမ်မယ်၊ နောက်တချက်က “ဝ”  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ပတ်သက်တာ အခိုင်အမာ သူတို့ ဆွေးနွေးမယ်လို့ ကျနော်တော့ ယုံကြည်တယ်”ဟု သူက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်း၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် ငြိမ်းချမ်းရေး ပဏာမ ဆွေးနွေးမှုလုပ်ရန် မြန်မာအစိုးရကို ဖိအားပေးခဲ့ကြောင်း၊ မြန်မာ အစိုးရကလည်း လွန်ခဲ့ သည့် ဇန်နဝါ ရီ လက တဖက်သတ် အပစ်ရပ်စဲမှု ကြေညာခဲ့ကြောင်း ယူပီအိုင် သတင်း တပုဒ်က ဖော်ပြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အခြားနိုင်ငံများက မြန်မာနိုင်ငံအား စစ်လက်နက်ပစ္စည်း ရောင်းချရန် ပိတ်ဆို့ထားမှုနှင့် အခြားသော အကြောင်းများကြောင့် တရုတ်-မြန်မာ အစိုးရတို့ကြား စစ်ရေး ဆက်ဆံမှု အလွန်များခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ လက်ဆောင် အပါအဝင် တပတ်ရစ်နှင့် ဈေးနှုန်းသက်သာသည့် စစ်လက်နက်ပစ္စည်း အမြောက်အများကို မြန်မာသို့ ရောင်းချခဲ့ကြောင်း၊ သို့သော် တရုတ် စစ်နည်းပညာကို လေ့လာသင်ယူမှု မရှိသလောက်ဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“မြန်မာစစ်တပ်ဟာ အမေရိကန်ပုံစံလည်း မဟုတ်ဘူး၊ မြန်မာစစ်တပ် ဖွဲ့စည်းပုံက အင်္ဂလိပ်ပုံစံဖြစ်ပေမယ့် စစ်လက်နက် ပစ္စည်းတွေက တရုတ်ပစ္စည်းတွေဖြစ်နေတာ နှစ်ပေါင်း ကြာပြီ။ အခြေခံ စစ်တပ် သဘောထား သတ်သတ်မှတ်မှတ် အခု ထိမရှိဘူး၊ လက်နက်တွေနဲ့ လူတွေသာ များလာတယ်။ တပ်ကြီးက ဖရိုဖရဲပဲ”ဟု သူက ဆက်ပြောသည်။

မြန်မာနှင့် တရုတ် ၂ နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့ကစတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှစ၌ ဂျက် တိုက်လေယာဉ် အပါအဝင် တင့်ကားများ၊ စစ်လက်နက်ပစ္စည်းများနှင့် စစ်သုံးပစ္စည်း အများအပြားကို ထောက်ပံ့ကူညီ နေ ခဲ့ကြောင်း သိရသည်။

တရုတ် ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ မစ္စတာ ဖန် ချန်လောင်သည် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် လွှတ်တော် ခေါင်းဆောင်များနှင့်လည်း ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ဆက်လက် ကန့်သတ် ထားသော် လည်း ဗြိတိန်နိုင်ငံက မြန်မာ့တပ်မတော်အား နိုင်ငံတကာ စံချိန်မီ လူ့အခွင့်အရေး လေးစားသည့် တပ်မတော် ဖြစ်လာ စေ ရေး အတွက် အရာရှိ ၃၀ ခန့်အား လာမည့် နှစ်ဆန်းပိုင်းတွင် စစ်သင်တန်းများ ပေးတော့မည့်အချက်သည် တရုတ်အတွက် အလေးထားစရာဖြစ်သည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဆာ ဒေးဗစ် ရစ်ချတ်သည် ဇွန်လက မြန်မာနိုင်ငံခရီးစဉ်တွင် အဆိုပါကိစ္စ ဆွေးနွေးခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ဗြိတိန်ဘက်က ကမ်းလှမ်းခဲ့မှုအား သဘောတူခဲ့သည်။ ထို့အပြင် ၁၉၈၈ နောက်ပိုင်း ရုပ်သိမ်းထားခဲ့သည့် ဗြိတိန်- မြန်မာ ၂ နိုင်ငံ စစ်သံမှူးများလည်း ပြန်လည် ထားရှိ ဆက်ဆံသွား တော့ မည် ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် မဟာမိတ်များဖြစ်သည့်အတွက် ဗြိတိန်၏ မြန်မာနှင့် စစ်ဘက်ဆက်ဆံရေးပြန်လည် စ တင် မှုသည် အမေရိကန်၏ သဘောထားပါ ထင်ဟပ်ကြောင်း၊ အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့်ယူထားသည့် တပ်မ တော် ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာမှု အပေါ် အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ စသည့် အနောက်နိုင်ငံများက အသိအမှတ် ပြုလာကာ မြန်မာနှင့် ဆက်ဆံရေး မျက်နှာစာများ ပြန်လည် ဖွင့်လှစ်လာခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မဟာဗျူဟာမြောက် နိုင်ငံတနိုင်ငံဖြစ်၍ အင်အားကြီး တရုတ်၊ အိန္ဒိယ တို့ ကြား တွင် ဟန်ချက်ညီ နေရပြီး အာဆီယံနိုင်ငံများနှင့် သွားလာဆက်ဆံရာတွင် တံခါးတချပ်လည်း ဖြစ်နေသည်။

အာရှတိုက်သည် မဟာဗျူဟာ ဆုံမှတ်ဖြစ်သည်ဟု လက်ခံသည့် အမေရိကန်ဘက်ကလည်း မြန်မာစစ်တပ်အပေါ် ဖြေ လျှော့ ဆက်ဆံမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် စစ်ဘက် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံတွင် နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှု လုပ်သည့် ရွှေ မြွေဟောက် စစ်ဆင်ရေး (Cobra Gold) တွင်လည်း လေ့လာသူအဖြစ် မြန်မာကို တက်ရောက်ခွင့် ပြုခဲ့သည်။

Your Thoughts …
Tags: China
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
663

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

ကိုးကန့်စစ်ပွဲ နောက်ကွယ်မှ ပဟေဠိ မေးခွန်းများ

ကိုးကန့်စစ်ပွဲ နောက်ကွယ်မှ ပဟေဠိ မေးခွန်းများ

by ဧရာဝတီ
8 March 2015
11.6k

ကိုးကန့်စစ်ပွဲ ဖြစ်ပွားရခြင်း၏ နောက်ကွယ်မှ အဓိက အကျဆုံးနှင့် နောက်ဆုံး မေးရမည့် မေးခွန်းမှာ လက်ရှိ ပဋိပက္ခတွင် တရုတ်နိုင်ငံက မည်မျှပါဝင် ပတ်သက်နေ သနည်းဆိုသော မေးခွန်းဖြစ်သည်။

Next Post
အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့

အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့

၀န်ကြီးဌာနများ ဘတ်ဂျက်ငွေစာရင်း မှားယွင်းမှု  အရေးယူရန် လွှတ်တော် နည်းလမ်းရှာ

၀န်ကြီးဌာနများ ဘတ်ဂျက်ငွေစာရင်း မှားယွင်းမှု အရေးယူရန် လွှတ်တော် နည်းလမ်းရှာ

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate