အမေရိကန် အခြေစိုက် Best Western ဟိုတယ် လုပ်ငန်းက မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရ သည်။ Best Western ဟိုတယ်ကို နေပြည်တော်၌ ဖွင့်လှစ်ရန် လုပ်ငန်း စီမံချက်အတွက် ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့တွင် သဘောတူ လက်မှတ်ထိုးပွဲ ပြုလုပ်ကြောင်း၊ အခန်းပေါင်း ၂၀၅ ခန်းခန့် ပါဝင်မည့် ယင်းဟိုတယ်သည် နေပြည်တော်တွင် ပထမဆုံး သော နိုင်ငံတကာ ဟိုတယ် လုပ်ငန်း စီမံချက်တခု ဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း၌ တည်းခိုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ဆိုင်ရာ အင်တာနက် စာမျက်နှာ တခုတွင် ဖော်ပြထားသည်။ Best Western သည် ကမ္ဘာ တဝန်း နိုင်ငံပေါင်း ၁၀၀ ခန့်တွင် ဟိုတယ် လုပ်ငန်းပေါင်း ၄၀၀၀ ကျော် လုပ်ကိုင်နေကြောင်း Best Western အင်တာနက် စာမျက်နှာတွင် တွေ့ရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။