သမ္မတ ဦးသိန်းစိန်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG ယမန် နေ့က တွေ့ဆုံကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာရေးရာများတွင် အပြန်အလှန် အထောက်အကူပြုမှု၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု၊ ဗီယက်နမ် လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဗီယက်နမ်က အားပေးထောက်ခံသွားရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း စသည့် ကဏ္ဍများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။